ပွဲခင်းထဲတွင်ကောက်ရသည့် ငွေသိန်း ၂၀၀ ကို ပိုင်ရှင်ထံပြန်ပေးခဲ့သည် လူရွှင်တော်စီးဖိန်

မန္တလေးမြို့မှလူရွှင်တော်ကြီး ဦးချစ်စရာ၏သား လူရွှင်တော်စီးဖိန်းက ပွဲခင်းတစ်ခုထဲတွင်ကောက်ရသည့် ငွေသိန်း ၂၀၀ ပါရှိသည့် ငွေထုပ်ကို ပိုင်ရှင်ထံပြန်လည်ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)၏ ထုတ်ပြန်ချက်အရသိရသည်။

မန္တလေးအခြေစိုက်မြတစ်ရာ အငြိမ့်တွင် လူရွင်တော်အဖြစ်ကပြလျှက်ရှိသော လူရွင်တော်ကြီး ဦးချစ်စရာ၏သားလူရွှင်တော်စီးဖိန်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် မန္တလေးမြို့၁၆လမ်း ၈၁လမ်းနှင့် ၈၂ လမ်းကြားသို့ ပွဲကရန်အလာ ပွဲခင်းအနီး၌ ငွေကျပ် သိန်း ၂၀၀ ပါသောအထုပ်အား ကောက်ရခဲ့ပြီး ပိုင်ရှင်ကိုစုံစမ်း၍ ပြန်လည်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

လုပ်နိုင်ခဲလှစွာသော ရိုးသားမွန်မြတ်သည့် ဆောင်ရွက်ချက်ကို စံနမူနာပြပြုမှုလုပ်ဆောင်ခဲ့ခြင်းအား အသိအမှတ်ပြုပါကြောင်းနှင့် သဘင်ဂုဏ်ဆောင် လူရွင်တော် စီးဖိန်(ခေါ်)မောင်စိုးမင်းအောင်အတွက် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်းကိုလည်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

သတင်းး လင်းခန့်

ဓာတ်ပုံး မြန်မာနိုင်ငံ သဘင်အစည်းအရုံး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *