အကြိမ် ၈ သောင်း ချစ်ရေးဆိုတာ အငြင်းခံရပေမယ့် မိန်းမယူဖို့ လက်မလျော့သေးတဲ့ အမျိုးသား

မိန်းမရဖို့ ကြိုးစားနေတဲ့ တရုတ်အမျိုးသားတစ်ဦးရဲ့ ကြိုးစားအားထုတ်မှုကတော့ တကယ့်ကိုပဲ ချီးကျူး လောက်ပါတယ်။ သူဟာ ချစ်ရေးဆိုခြင်း အကြိမ်ရေ ရှစ်သောင်းကျော် အငြင်းခံခဲ့ရပေမယ့်လည်း မိန်း မယူနိုင်ရမယ်ဆိုတဲ့ သူ့ရဲ့ အိပ်မက်ကို အလွယ်တ ကူမဖျက်စီးရက်ဖူးလို့ ဆိုပါတယ်။ ဒါဟာ တကယ့်ကို ဇွဲသန်တဲ့ စိတ်ဓာတ်ပါပဲ။

တရုတ်အမျိုးသားဟာ သူနဲ့သင့်တော်ပြီး လက်ခံပေးမယ့် အမျိုးသမီးတစ်ဦးကို ရှာဖွေဖို့အတွက် နှစ်ပေါင်းအတော်လေးကြာ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက သူ့ရဲ့ မိန်းမယူမယ့် စီမံကိန်းအတွက် ချစ်ရေးဆိုခြင်းကို စတင်ခဲ့ပြီတော့ အမျိုးသမီးပေါင်း ၈ သောင်း ကျော်ကို ချစ်ရေးဆိုစကားလိုက်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် ကံမကောင်းအကြောင်း မလှခဲ့ပါဘူး။ ချစ်ရေးဆိုကြိမ် ၈ သောင်းမှာ ဘယ်မိန်းကလေး တစ်ဦးတစ်လေကမျှ သူ့ရဲ့ အချစ်ကို လက်ခံခဲ့ခြင်းမရှိပါဘူး။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ တရုတ်အမျိုးသား နီယူဆီအန်ဖန်းကို ချစ်ခွင့်ပန်တဲ့ အရူးလူသားတစ်ဦးလို့ ခေါ်ဆိုကြပြီးတော့ သူက ဘဝလက်တွဲဖော်ရှာဖွေတဲ့နေရာမှာ အရမ်းကို အစွဲအလန်းကြီးလွန်သူ တစ် ယောက်ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကစတင်ပြီးတော့ သူ့ရဲ့ ဓာတ်ပုံနဲ့ ပေကျင်းမြို့တော်လမ်းတလျှောက် မိန်းမရှာဖွေနေတယ်ဆိုတဲ့ ဆိုင်းပုဒ်ကိုင်ပြီး လှည့်ပတ်သွားလာနေကာ သဘောကျနှစ် သက်တဲ့ အမျိုး သမီးတွေကို ချစ်ရေးဆိုခဲ့တယ်လို့ သိရပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီး နှစ်အတော်ကြာမှာ တော့သူ့အတွက် ဘဝလက်တွဲဖော်လိုအပ် တယ် ဆိုတဲ့ ခံစားချက်နဲ့ ဒီလိုမျိုး အမျိုးသမီး ဇနီးသည် ရှာပုံ တော်ဖွင့်ခဲ့တာဟာဆိုရင် နှစ်အတော်ကြာ အထိ သူ့အတွက် မျှော်လင့်ချက်မရှိခဲ့ဘူးဆိုပေမယ့်လည်း သူလက်လျှော့သွားမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

မေ(ရွှေအင်းလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *