ဘောလုံးကွင်းခြောက်ကွင်းစာခန့် ကြီးမားသည့် ဧရာမဗုဒ္ဓ လက်ဝါးတော်ကြီး




ရေကန်ကြီးတစ်ခုနားက ရှုမဆုံးနိုင် အောင်ကျယ်ပြောတဲ့ မြက်ခင်းပြင်ကြီး တစ်ခုမှာ ဖန်တီးထားတဲ့ ဧရာမဗုဒ္ဓလက် ဝါးတော်ကြီးဖြစ်ပါတယ်။ ဘောလုံးကွင်း ခြောက်ကွင်းစာလောက် ကြီးမားလှတဲ့ ဧရာမဗုဒ္ဓလက်ဝါးတော်ကြီးဖြစ်ပြီး အ တိုင်းအတာအားဖြင့် ၄၃၀၅၅၄ စတုရန်း ပေရှိတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားဒေသ၊ အီရန်ဟော့မြို့အနီးက မြက်ခင်းလွင်ပြင် ကျယ်ကြီးမှာ ပြုလုပ်ပူဇော်ထားတာဖြစ် ပါတယ်။ စိမ်းဖန့်ဖန့်မြက်ခင်းတွေကြား က ဝါကျင်နေတဲ့ မြေသားပေါ်မှာ ဧရာမ ဗုဒ္ဓ လက်ဝါးတော်ကြီးကို ဖန်တီးထားတာဖြစ် ပါတယ်။ မြေသားမှာ ချိုင့်ခွက်တွေတူးကာ လက္ခဏာမျဉ်းကြောင်းတွေကအစ အ သေးစိတ်ဖန်တီးပြုလုပ်ကာ ဗုဒ္ဓလက်ဝါး တော်အဖြစ် ပုံသွင်းပြုလုပ်ထားတာဖြစ် ပါတယ်။

အံ့အားသင့်ဖွယ်ကောင်းလောက် အောင် ကြီးမားတဲ့ လက်ဖဝါးပုံစံ မြေပြင် အနုပညာဖန်တီးမှုတစ်ခုအဖြစ် တရုတ် အခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြ ထားခဲ့တာဖြစ်ပြီး ဘယ်လိုရည်ရွယ်ချက် နဲ့ ပြုလုပ်ထားခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

သံသာ

Leave a Reply

Your email address will not be published. Required fields are marked *